ရင်တွင်းချစ်ထက် ဘ၀အတွက်
ကြိုးစားရုန်းကန် ကြံဖန်လှုပ်ရှား
ကံတရားက ဥာဏ်များမရ
လျှောက်ရာလမ်းတွေ ကြမ်းတမ်းနေခဲ့
မသာယာ၍ အဖော်ကွာဝေး
ကျွန်တော်ရေးတဲ့ ဘ၀လေးက
သက်ပုံတွေမှား ဖျက်ရာများခဲ့
မလှမပ ကျွန်တော့်ဘဝ
ဘယ်သူပြင်ကာ ဖတ်ချင်မှာလဲ
ကို့ယို့ကားယား ၀ို့တို့ဝါးတာ
ရေးတာမထင် ထင်တာဒုက္ခ
ပြင်ရတဖန် လက်ကမမှန်
ပြန်ကာသာရေး ဒီစာလေးက
ဘ၀အက္ခရာ........
သြော်....ကိုယ့်လိုပါပဲ ပြင်ဆဲရေးဆဲ
လူသားတွေလည်း ရှိနေဆဲမို့
အားမငယ်တမ်း ကြိုးပန်းကာရေး
မပြီးဆုံးသေး ဒီစာပိုဒ်လေး
စိတ်မှာဆုံးဖြတ် အပြုံးမပျက်
ဆုံးတစ်သက်တာ ငါရေးနေမှာ
ဘ၀စာမျက်နှာ..........
Saturday, 1 October 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment