Pages

Wednesday 26 October 2011

*လျှိုဝှက်ထားမယ်*

ရင်ခုန်ခြင်းတွေ
ထိုးနှက်မွှေလို့
စိတ်တွေလှုပ်ရှား
ပုံရိပ်များက
ပြုစားထားလား.........
နှလုံးသားထက်
ခံစားချက်ကို
လေးနက်ပီပြင်
သိချင်ခဲ့သည်.........
ချစ်မိပြီလား
ဝေခွဲမရ
ကြေကွဲရစဉ်
သံယောဇဉ်ကြိုး
ရင်ကိုတိုးလို့
ထပ်တိုးရစ်ချည်
ဖြတ်ဖို့ခက်ပြီ.....
ပြတ်သည့်တိုင်အောင်
တစ်ဖက်တစ်စ
ကျန်ခဲ့ရလို့
ညီမျှပါ့မလား.......
မဆုံဆည်းခင်
မခွဲခွာချင်
အမြဲသာပင်
ကြင်နာချင်လဲ(လည်း)
ရင်ခွင်ထဲဝယ်
မြိုသိမ့်ထားဆဲ
သိမ်းထားမြဲပါ......
မင်းတွက်ရည်စူး
ကြည်နူးခြင်းတွေ
ပေးဆပ်နေမယ်....

Thursday 6 October 2011

...ချစ်သူအတွက် ဆုတောင်း....

စိတ်နှလုံးသားရင်ခွင်က အပြစ်မမြင် ချစ်ခင်မိ၍ 
ချစ်တိုင်းမညား ညားတိုင်းမချစ်
ကြုံရဆုံရ ဒီဘ၀မှာ
မျှော်လင့်ကြီးမား ဆုံးရှုံးအားက
ပိုသာလွန်းလှ ခံစားခဲ့ရ
နေ့ညများစွာ မေ့မရပါ
မတောက်မပ ငါ့ဘ၀ကြောင့်
လမ်းခွဲသွားသူ ကို့ချစ်သူကို 
အပြစ်မဆို ငါငိုနေလည်း
လှည့်မကြည့်ပါနဲ့ မေ့ထားခဲ့ပါ
ဒီဝေဒနာ ကိုယ်ကျေနပ်စွာ
ခံယူပါ့မယ် ချစ်ရသူရယ်
မြင့်အောင်ပျံသန်း လျှောက်ရာလမ်းတွေ
ဖြောင့်တန်းပါစေ ဆုတောင်းနေမယ်......
သံယောစဉ်နဲ့ အတွယ်အတာ
ဘယ်အရာနဲ့ ဖယ်ခွာလို့ရ 
ကိုယ်လည်းမသိ ၀ဋ်ရှိလေသမျှ
ချစ်မိနေရအုံးမှာပါလား.........
မတောက်ပပေမယ့် လမိုက်ညတွေလို ငါ့ရဲ့ဘ၀က အမှောင်မကျခဲ့ပါဘူး.....
မင်းလိုချင်တဲ့ မာဂျူရီမီးတွေလို မလင်းသေးပေမယ့် မင်းလျှောက်ရာလမ်းတွေမှာ
ခလုတ်မထိဖို့အတွက် မီးအိမ်ငယ်လေးလို လမ်းပြပေးနိုင်ပါတယ်... ကြင်နာခြင်းတွေနဲ့အတူ ငါနာကျင်ခဲ့ပေမယ့် ငါ့ရင်ခွင်မှာမင်းရှိနေသေးတယ်ဆိုတာ မင်းမသိပါစေနဲ့
သာယာပါစေချစ်သူ....နာကျင်မှုတွေကင်းဝေးပြီး ထာဝစဉ်ပျော်ရွှင်ပါစေ...
ကြည်ကြည်ဖြူဖြူ ကိုယ်ဆုတောင်းနေတယ်......မင်းအတွက်.....

Monday 3 October 2011

... ခရီး ....

သတိရတိုင်းတွေ့ချင်တယ်...
တွေ့ချင်တဲ့ စိတ်တွေနဲ့ 
တမ်းတခြင်း မင်းအရိပ်တွေကို
ပုံဖော်စိတ်ကူး
အတူရှိခဲ့ဖူးတဲ့
အချိန်တွေကို ပြန်ရချင်တယ်........
...... အချိုအခါးတွေနဲ့
ဘ၀တံတားကိုဖြတ်သန်းရင်း
အလှတရားကိုရှာဖွေမိတယ်........
..... မညီညာ ကြမ်းတမ်း
အကြင်နာလမ်းမဟုတ်တော့
အကောင်းအဆိုးတွေက
အကြောင်းအကျိုးတွေပေါ့........
...အချိုးအကွေ့တွေကြားမှာ
မြိုသိမ့်ထားတာတွေများစွာနဲ့
အားအင်တွေမဲ့နေခဲ့ပြီး.....

......... ဒီခရီး...........

Saturday 1 October 2011

BMW & Myanmar song

@@ ဘ၀ ဒဿန @@

ရင်တွင်းချစ်ထက်  ဘ၀အတွက်
ကြိုးစားရုန်းကန်  ကြံဖန်လှုပ်ရှား
ကံတရားက  ဥာဏ်များမရ
လျှောက်ရာလမ်းတွေ  ကြမ်းတမ်းနေခဲ့
မသာယာ၍  အဖော်ကွာဝေး
ကျွန်တော်ရေးတဲ့ ဘ၀လေးက
သက်ပုံတွေမှား  ဖျက်ရာများခဲ့
မလှမပ  ကျွန်တော့်ဘဝ
ဘယ်သူပြင်ကာ ဖတ်ချင်မှာလဲ
ကို့ယို့ကားယား ၀ို့တို့ဝါးတာ
ရေးတာမထင် ထင်တာဒုက္ခ
ပြင်ရတဖန်  လက်ကမမှန်
ပြန်ကာသာရေး  ဒီစာလေးက
ဘ၀အက္ခရာ........
သြော်....ကိုယ့်လိုပါပဲ  ပြင်ဆဲရေးဆဲ
လူသားတွေလည်း ရှိနေဆဲမို့
အားမငယ်တမ်း   ကြိုးပန်းကာရေး
မပြီးဆုံးသေး  ဒီစာပိုဒ်လေး
စိတ်မှာဆုံးဖြတ်  အပြုံးမပျက်
ဆုံးတစ်သက်တာ  ငါရေးနေမှာ
ဘ၀စာမျက်နှာ..........

Tuesday 27 September 2011

@@ ချစ်သူ သိစေ @@

အချစ်ရင်ခုန်သံတွေနဲ့
 ရင်ခွင်နန်းတော်ထဲမှာ
ပဲ့တင်ထပ်လျှက်
ချစ်ခြင်းမေတ္တာတွေ
အသက်ဆက်နေတယ်
အချစ်တွေထပ်တူမျှပြီး
အကြင်နာတွေ
ဝေဆာကာ
ဝေဒနာတွေ
ကြွေကျစေခဲ့တယ်....
အချစ်တွေကတော့ 
ထပ်တူထပ်မျှပါပဲ
အလွမ်းတွေကတော့ပိုနေပြီ....
နယ်ခြားနေတဲ့ကာလမှာ
အကြင်နာစကားတွေတော့
လိုတာပေါ့......
တိုးတိုးတိတ်တိတ်လေးပါပဲ....
အတူရှိခဲ့တဲ့အတိတ်နေ့တွေကို
တမ်းတမ်းတတနဲ့
တွေးတောနေမိတယ်........
အလွမ်းတွေဖန်ဆင်းလိုက်တဲ့.
အထီးကျန်ခြင်းတွေကို ခံစားရင်း.....
အိပ်ပျော်သွားဖို့...
ကို ကြိုးစားနေတယ်......

Monday 26 September 2011

နှလုံးသားသခင်သို့......

ချစ်သူ...
ကို့ရင်ခွင်လမ်းမှာ 
အသဲပန်းတွေခင်းထားတယ်
ညှင်သာတဲ့ခြေလှမ်းတွေနဲ့
ကို့နှလုံးသားနန်းတော်ထဲသို့
တစ်လှမ်းချင်းလှမ်းလို့ ၀င်ခဲ့ပါ
ကို့ရင်ခုန်သံတေးသွားတွေကို
နားဆင်ပေးပါ......
သစ္စာတရားတွေပဲမို့
မေတ္တာတရားတွေ တိုးပွားဖို့
အကြင်နာအင်အားတွေပေါ့...
ကို့နှလုံးသားကိုမြင်ပြီလား...ချစ်သူ...
အဲဒါ ကို့ရဲ့အသွေးအသားတွေရဲ့
အသက်ပဲချစ်သူ.....
ယူချင်ယူ....ချူချင်ချူ....
ကိုအငြူဆူပါဘူး....
ကြည်ကြည်ဖြူဖြူနဲ့ပေးချင်သူပါ......

Sunday 25 September 2011

အချိန်လွန်ငှက်.... အောင်လ

** ချစ်သူအတွက် **

ချစ်........
ဝေးနေရတဲ့ ကာလတွေမှာ
ဒီအလွမ်းလေးတွေနဲ့ပဲ...
တမ်းတနေမိတယ်ချစ်သူရယ်....
ပြန်ဆုံမယ့်အချိန်ကိုရောက်ဖို့
ဖြတ်သန်းရမယ့် အချိန်တွေက
လက်ချိုးရည်တွက်လို့ ရနေပါပြီ.....
....အကြင်နာပန်းခင်းလေးနဲ့
....သင်းပျံ့ တဲ့ရနံ့တွေအတွက်
....လေပြေညှင်းနဲ့အတူ
....ချိုသာတဲ့ အနမ်းတွေ
....ကို ယူဆောင်လာခဲ့မယ်
ကို့ရင်ခွင်နန်းတော်ထဲမှာ
သစ္စာပန်းခင်းအလယ်
မေတ္တာရနံ့တွေနဲ့
ချစ်သံစဉ်တွေနားဆင်ပြီး
မှေးစက်လှည့်ပါ..ချစ်သူ....
....ပျော်ရွှင်ခြင်းတွေစားသုံးပြီး

....ကြည်နူးခြင်းတွေက အားအင်ဖြစ်ကာ
....သာယာခြင်းတွေအပြည့်နဲ့
....အမုန်းမရှိတဲ့ ကမ္ဘာတစ်ခု
....တည်ဆောက်ကြမယ်..ချစ်သူ...
ကြည်ဖြူနှလုံးနဲ့
ဘယ်တော့မှမမုန်းပါဘူး
နောက်ဆုံးထွက်သက်ထိ
ချစ်သွားမယ်..........
.....................ချစ်သူအတွက်...

Friday 23 September 2011

အလွမ်းဖြေ

အလွမ်းတွေရက်စက်
ခြေလှမ်းတွေပျက်
ဖြတ်သန်းရန်ခက်
ရှေ့ဆက်မရဲ
အလဲအကွဲ
ခံစားလျှက်ပဲ
အချစ်တွေလည်း 
ရှင်သန်ဆဲ...ရှင်သန်မြဲပါ......
ရင်ခွင်ထဲရောက် 
လွမ်းမီးတောက်က
ဖောက်လွဲဖောက်ပြန်
စိတ်တွေမမှန်အောင်
ကြံဆောင်ကြိုးစား
လွမ်းအားပိုလို့
အကြင်နာအင်အားတို့လိုတယ်......
အလွမ်းတွေကြွေ
အကြင်နာတွေဝေ
သာယာစေမယ့်မနက်ဖန်
ပျော်ရွှင်စရာတွေ
ကြိုနေမှာမို့
အလွမ်းဖြေဖို့
အမှောင်ညတို့
ခြေလှမ်းတစ်ချို့နဲ့
ဖြတ်သန်းလို့လာပြီ......။ 

Wednesday 21 September 2011

ကဗျာမမှီ စာမပီ

ကို့  စကားတွေက မင်းအတွက်
ပျားရည် တစ်စက်လောက် မချို မြိန် ပေမဲ့ 
တမာရွက်လောက် မခါးပါဘူး..
ကို့ ရဲ့ အသွေးအသားတွေ က မင်းအတွက်
စိတ်အဆာဖြေ ပျော်တော်ဆက် ဖို့ အတွက် တော့ ...
ချိုမြိန်မှာပါ..

မြင်အောင်ကြည့်ပါ...
ကြည့် တတ်ရင်တွေ့ မြင်နိုင် တယ်
မင်းခြေစုံ မှာ ဒူးထောက်ပြီး
မင်း အတွက် ..
အသက် နဲ့  လဲ ရဲရင့် ပြချင်တယ်..

ချစ်တယ်နော် ...အလို လိုက်တယ် ဆို တာ
အတိုင်းအတာ တခုအထိ ပေါ့ ....
အလွမ်းတွေကမနေပါဘူး.
ရင်ခွဲပြီး သစ်ပင်စိုက်လိုက် မယ်..

လွမ်းဆွတ်ခြင်းကို အံတုပြီး
ဓါးထက်ထက် တစ်လက် နဲ့ 
အချစ်လက်နက်တွေကို
ချေဖျက် ပစ်လိုက်မယ်...

စစ်မှန်တဲ့  ဆန္ဒ တစ်စုံ ကတော့ 
စိတ်အဆာဖြေ ပျော်တော်ဆက် ဖို့ 
ကို မင်း ကို ပတ်သက် ခဲ့ တာ မဟုတ်ဘူး...
ဘာပဲဖြစ်ဖြစ်..အခုချိန်မှာ မင်းအတွက်
ကို က လေ အိမ်မက်ဆိုးထဲက
အထိတ်တလန့်နဲ့  အခြောက်လှန့်ခံ
လူတစ်ယောက်ပါ  ....

မရေရာတဲ့လမ်းမပေါ်က
သေချာတဲ့အချစ်တွေပွေ့ပိုက်လို့
ရင်ခွင်စစ်ဆီသို့.....
ဟိုး.....အဝေးတနေရာ မှ..
လျှောက်လှမ်းနေသူ..
ဒီလူကိုကြည်ဖြူပါချစ်သူ....
..................................