Pages

Friday 23 September 2011

အလွမ်းဖြေ

အလွမ်းတွေရက်စက်
ခြေလှမ်းတွေပျက်
ဖြတ်သန်းရန်ခက်
ရှေ့ဆက်မရဲ
အလဲအကွဲ
ခံစားလျှက်ပဲ
အချစ်တွေလည်း 
ရှင်သန်ဆဲ...ရှင်သန်မြဲပါ......
ရင်ခွင်ထဲရောက် 
လွမ်းမီးတောက်က
ဖောက်လွဲဖောက်ပြန်
စိတ်တွေမမှန်အောင်
ကြံဆောင်ကြိုးစား
လွမ်းအားပိုလို့
အကြင်နာအင်အားတို့လိုတယ်......
အလွမ်းတွေကြွေ
အကြင်နာတွေဝေ
သာယာစေမယ့်မနက်ဖန်
ပျော်ရွှင်စရာတွေ
ကြိုနေမှာမို့
အလွမ်းဖြေဖို့
အမှောင်ညတို့
ခြေလှမ်းတစ်ချို့နဲ့
ဖြတ်သန်းလို့လာပြီ......။ 

No comments:

Post a Comment