Pages

Monday 26 September 2011

နှလုံးသားသခင်သို့......

ချစ်သူ...
ကို့ရင်ခွင်လမ်းမှာ 
အသဲပန်းတွေခင်းထားတယ်
ညှင်သာတဲ့ခြေလှမ်းတွေနဲ့
ကို့နှလုံးသားနန်းတော်ထဲသို့
တစ်လှမ်းချင်းလှမ်းလို့ ၀င်ခဲ့ပါ
ကို့ရင်ခုန်သံတေးသွားတွေကို
နားဆင်ပေးပါ......
သစ္စာတရားတွေပဲမို့
မေတ္တာတရားတွေ တိုးပွားဖို့
အကြင်နာအင်အားတွေပေါ့...
ကို့နှလုံးသားကိုမြင်ပြီလား...ချစ်သူ...
အဲဒါ ကို့ရဲ့အသွေးအသားတွေရဲ့
အသက်ပဲချစ်သူ.....
ယူချင်ယူ....ချူချင်ချူ....
ကိုအငြူဆူပါဘူး....
ကြည်ကြည်ဖြူဖြူနဲ့ပေးချင်သူပါ......

No comments:

Post a Comment