Pages

Sunday 25 September 2011

** ချစ်သူအတွက် **

ချစ်........
ဝေးနေရတဲ့ ကာလတွေမှာ
ဒီအလွမ်းလေးတွေနဲ့ပဲ...
တမ်းတနေမိတယ်ချစ်သူရယ်....
ပြန်ဆုံမယ့်အချိန်ကိုရောက်ဖို့
ဖြတ်သန်းရမယ့် အချိန်တွေက
လက်ချိုးရည်တွက်လို့ ရနေပါပြီ.....
....အကြင်နာပန်းခင်းလေးနဲ့
....သင်းပျံ့ တဲ့ရနံ့တွေအတွက်
....လေပြေညှင်းနဲ့အတူ
....ချိုသာတဲ့ အနမ်းတွေ
....ကို ယူဆောင်လာခဲ့မယ်
ကို့ရင်ခွင်နန်းတော်ထဲမှာ
သစ္စာပန်းခင်းအလယ်
မေတ္တာရနံ့တွေနဲ့
ချစ်သံစဉ်တွေနားဆင်ပြီး
မှေးစက်လှည့်ပါ..ချစ်သူ....
....ပျော်ရွှင်ခြင်းတွေစားသုံးပြီး

....ကြည်နူးခြင်းတွေက အားအင်ဖြစ်ကာ
....သာယာခြင်းတွေအပြည့်နဲ့
....အမုန်းမရှိတဲ့ ကမ္ဘာတစ်ခု
....တည်ဆောက်ကြမယ်..ချစ်သူ...
ကြည်ဖြူနှလုံးနဲ့
ဘယ်တော့မှမမုန်းပါဘူး
နောက်ဆုံးထွက်သက်ထိ
ချစ်သွားမယ်..........
.....................ချစ်သူအတွက်...

No comments:

Post a Comment