Pages

Thursday 6 October 2011

...ချစ်သူအတွက် ဆုတောင်း....

စိတ်နှလုံးသားရင်ခွင်က အပြစ်မမြင် ချစ်ခင်မိ၍ 
ချစ်တိုင်းမညား ညားတိုင်းမချစ်
ကြုံရဆုံရ ဒီဘ၀မှာ
မျှော်လင့်ကြီးမား ဆုံးရှုံးအားက
ပိုသာလွန်းလှ ခံစားခဲ့ရ
နေ့ညများစွာ မေ့မရပါ
မတောက်မပ ငါ့ဘ၀ကြောင့်
လမ်းခွဲသွားသူ ကို့ချစ်သူကို 
အပြစ်မဆို ငါငိုနေလည်း
လှည့်မကြည့်ပါနဲ့ မေ့ထားခဲ့ပါ
ဒီဝေဒနာ ကိုယ်ကျေနပ်စွာ
ခံယူပါ့မယ် ချစ်ရသူရယ်
မြင့်အောင်ပျံသန်း လျှောက်ရာလမ်းတွေ
ဖြောင့်တန်းပါစေ ဆုတောင်းနေမယ်......
သံယောစဉ်နဲ့ အတွယ်အတာ
ဘယ်အရာနဲ့ ဖယ်ခွာလို့ရ 
ကိုယ်လည်းမသိ ၀ဋ်ရှိလေသမျှ
ချစ်မိနေရအုံးမှာပါလား.........
မတောက်ပပေမယ့် လမိုက်ညတွေလို ငါ့ရဲ့ဘ၀က အမှောင်မကျခဲ့ပါဘူး.....
မင်းလိုချင်တဲ့ မာဂျူရီမီးတွေလို မလင်းသေးပေမယ့် မင်းလျှောက်ရာလမ်းတွေမှာ
ခလုတ်မထိဖို့အတွက် မီးအိမ်ငယ်လေးလို လမ်းပြပေးနိုင်ပါတယ်... ကြင်နာခြင်းတွေနဲ့အတူ ငါနာကျင်ခဲ့ပေမယ့် ငါ့ရင်ခွင်မှာမင်းရှိနေသေးတယ်ဆိုတာ မင်းမသိပါစေနဲ့
သာယာပါစေချစ်သူ....နာကျင်မှုတွေကင်းဝေးပြီး ထာဝစဉ်ပျော်ရွှင်ပါစေ...
ကြည်ကြည်ဖြူဖြူ ကိုယ်ဆုတောင်းနေတယ်......မင်းအတွက်.....

No comments:

Post a Comment