Pages

Wednesday 26 October 2011

*လျှိုဝှက်ထားမယ်*

ရင်ခုန်ခြင်းတွေ
ထိုးနှက်မွှေလို့
စိတ်တွေလှုပ်ရှား
ပုံရိပ်များက
ပြုစားထားလား.........
နှလုံးသားထက်
ခံစားချက်ကို
လေးနက်ပီပြင်
သိချင်ခဲ့သည်.........
ချစ်မိပြီလား
ဝေခွဲမရ
ကြေကွဲရစဉ်
သံယောဇဉ်ကြိုး
ရင်ကိုတိုးလို့
ထပ်တိုးရစ်ချည်
ဖြတ်ဖို့ခက်ပြီ.....
ပြတ်သည့်တိုင်အောင်
တစ်ဖက်တစ်စ
ကျန်ခဲ့ရလို့
ညီမျှပါ့မလား.......
မဆုံဆည်းခင်
မခွဲခွာချင်
အမြဲသာပင်
ကြင်နာချင်လဲ(လည်း)
ရင်ခွင်ထဲဝယ်
မြိုသိမ့်ထားဆဲ
သိမ်းထားမြဲပါ......
မင်းတွက်ရည်စူး
ကြည်နူးခြင်းတွေ
ပေးဆပ်နေမယ်....

No comments:

Post a Comment