Pages

Wednesday 21 September 2011

ကဗျာမမှီ စာမပီ

ကို့  စကားတွေက မင်းအတွက်
ပျားရည် တစ်စက်လောက် မချို မြိန် ပေမဲ့ 
တမာရွက်လောက် မခါးပါဘူး..
ကို့ ရဲ့ အသွေးအသားတွေ က မင်းအတွက်
စိတ်အဆာဖြေ ပျော်တော်ဆက် ဖို့ အတွက် တော့ ...
ချိုမြိန်မှာပါ..

မြင်အောင်ကြည့်ပါ...
ကြည့် တတ်ရင်တွေ့ မြင်နိုင် တယ်
မင်းခြေစုံ မှာ ဒူးထောက်ပြီး
မင်း အတွက် ..
အသက် နဲ့  လဲ ရဲရင့် ပြချင်တယ်..

ချစ်တယ်နော် ...အလို လိုက်တယ် ဆို တာ
အတိုင်းအတာ တခုအထိ ပေါ့ ....
အလွမ်းတွေကမနေပါဘူး.
ရင်ခွဲပြီး သစ်ပင်စိုက်လိုက် မယ်..

လွမ်းဆွတ်ခြင်းကို အံတုပြီး
ဓါးထက်ထက် တစ်လက် နဲ့ 
အချစ်လက်နက်တွေကို
ချေဖျက် ပစ်လိုက်မယ်...

စစ်မှန်တဲ့  ဆန္ဒ တစ်စုံ ကတော့ 
စိတ်အဆာဖြေ ပျော်တော်ဆက် ဖို့ 
ကို မင်း ကို ပတ်သက် ခဲ့ တာ မဟုတ်ဘူး...
ဘာပဲဖြစ်ဖြစ်..အခုချိန်မှာ မင်းအတွက်
ကို က လေ အိမ်မက်ဆိုးထဲက
အထိတ်တလန့်နဲ့  အခြောက်လှန့်ခံ
လူတစ်ယောက်ပါ  ....

မရေရာတဲ့လမ်းမပေါ်က
သေချာတဲ့အချစ်တွေပွေ့ပိုက်လို့
ရင်ခွင်စစ်ဆီသို့.....
ဟိုး.....အဝေးတနေရာ မှ..
လျှောက်လှမ်းနေသူ..
ဒီလူကိုကြည်ဖြူပါချစ်သူ....
..................................

No comments:

Post a Comment