၁။ ငါ ၀မ်းသာတဲ့အခါ.... ချက်ချင်း နင့်ကို မျှဝေခံစားစေချင်လို့ပါ.....
၂။ ငါ ၀မ်းနည်းတဲ့အခါ... နင့်ရဲ့ အားပေးမှုကိုလိုအပ်လို့ပါ.....
၃။ ကောင်းမွန်လှပတဲ့ နေရာတစ်ခုကို တွေ့ရှိတဲ့အခါ...နင့်ကို အသိပေးပြောပြချင်လို့ပါ....
၎။ ငါ ပထမဆုံး မျက်စိနှစ်ဖက် ဖွင့်တာနဲ့....နင့်ကို အရင်ဆုံးမြင်ချင်လို့ပါ....
၅။ နင် ၀မ်းနည်းတဲ့အခါ....ငါ နင့်ကို ထွေးပွေ့ထားချင်လို့ပါ....
၆။ နင်နဲ့အတူတူ ငါ့ဘ၀ရဲ့ နေ့ရက်တွေကို ဖြတ်သန်းချင်လို့ပါ....
၇။ နင့်ရဲ့  အပြုအမူ အလေ့အထတွေကို တနေ့ကျရင် ငါ ကျင့်သားရနေဖို့ပါ....
၈။ ၀မ်းနည်းတဲ့အခါ...နင်က ငါ့အတွက် ခွန်အားဖြစ်စေလို့ပါ....
၉။ နင်က ငါ့ရဲ့ မိသားစုဝင်ဖြစ်သွားစေချင်လို့ပါ....
၁၀။ ဘယ်လောက် အေးချမ်းတဲ့ ရာသီပဲဖြစ်ဖြစ် နင့်ရဲ့ ရင်ခွင်နဲ့ နွေးထွေးစေလို့ပါ....
၁၁။ ညဘက် တိတ်ဆိတ်တဲ့အချိန် နင်နဲ့ အဖော်ပြုရင်း ကံကောင်းခြင်းကို ဖြစ်စေလို့ပါ....
၁၂။ နင့်ရဲ့ နာမည်ကို ငါ့နှလုံးသားထဲမှာ တိတ်တိတ်လေး...အကြိမ်ပေါင်းများစွာ ရေးထိုးထားပြီးဖြစ်လို့ပါ.....
၁၃။ နင်ဟာ ငါအတူရှိနေချင်တဲ့ လူဖြစ်နေလို့ပါ....
၁၄။ နင်ကံကောင်းတာ အမြဲ မျှော်လင့်သလို...နင့်ရဲ့ကံကောင်းခြင်းတွေဟာလဲ ငါ့ကြောင့် ဖြစ်စေချင်လို့ပါ....
၁၅။ နင်ဟာ ငါ့ သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါ....
နင်ဟာ နင်ဖြစ်လို့... ငါဟာ ငါဖြစ်လို့.... ဒါကြောင့် ငါနင့်ကို ချစ်တယ်..
Friday, 4 May 2012
Tuesday, 1 May 2012
Wednesday, 26 October 2011
*လျှိုဝှက်ထားမယ်*
ရင်ခုန်ခြင်းတွေထိုးနှက်မွှေလို့
စိတ်တွေလှုပ်ရှား
ပုံရိပ်များက
ပြုစားထားလား.........
နှလုံးသားထက်
ခံစားချက်ကို
လေးနက်ပီပြင်
သိချင်ခဲ့သည်.........
ချစ်မိပြီလား
ဝေခွဲမရ
ကြေကွဲရစဉ်
သံယောဇဉ်ကြိုး
ရင်ကိုတိုးလို့
ထပ်တိုးရစ်ချည်
ဖြတ်ဖို့ခက်ပြီ.....
ပြတ်သည့်တိုင်အောင်
တစ်ဖက်တစ်စ
ကျန်ခဲ့ရလို့
ညီမျှပါ့မလား.......
မဆုံဆည်းခင်
မခွဲခွာချင်
အမြဲသာပင်
ကြင်နာချင်လဲ(လည်း)
ရင်ခွင်ထဲဝယ်
မြိုသိမ့်ထားဆဲ
သိမ်းထားမြဲပါ......
မင်းတွက်ရည်စူး
ကြည်နူးခြင်းတွေ
ပေးဆပ်နေမယ်....
Thursday, 6 October 2011
...ချစ်သူအတွက် ဆုတောင်း....
စိတ်နှလုံးသားရင်ခွင်က အပြစ်မမြင် ချစ်ခင်မိ၍
ချစ်တိုင်းမညား ညားတိုင်းမချစ်
ကြုံရဆုံရ ဒီဘ၀မှာ
မျှော်လင့်ကြီးမား ဆုံးရှုံးအားက
ပိုသာလွန်းလှ ခံစားခဲ့ရ
နေ့ညများစွာ မေ့မရပါ
မတောက်မပ ငါ့ဘ၀ကြောင့်
လမ်းခွဲသွားသူ ကို့ချစ်သူကို
အပြစ်မဆို ငါငိုနေလည်း
လှည့်မကြည့်ပါနဲ့ မေ့ထားခဲ့ပါ
ဒီဝေဒနာ ကိုယ်ကျေနပ်စွာ
ခံယူပါ့မယ် ချစ်ရသူရယ်
မြင့်အောင်ပျံသန်း လျှောက်ရာလမ်းတွေ
ဖြောင့်တန်းပါစေ ဆုတောင်းနေမယ်......
သံယောစဉ်နဲ့ အတွယ်အတာ
ဘယ်အရာနဲ့ ဖယ်ခွာလို့ရ
ကိုယ်လည်းမသိ ၀ဋ်ရှိလေသမျှ
ချစ်မိနေရအုံးမှာပါလား.........
မတောက်ပပေမယ့် လမိုက်ညတွေလို ငါ့ရဲ့ဘ၀က အမှောင်မကျခဲ့ပါဘူး.....
မင်းလိုချင်တဲ့ မာဂျူရီမီးတွေလို မလင်းသေးပေမယ့် မင်းလျှောက်ရာလမ်းတွေမှာ
ခလုတ်မထိဖို့အတွက် မီးအိမ်ငယ်လေးလို လမ်းပြပေးနိုင်ပါတယ်... ကြင်နာခြင်းတွေနဲ့အတူ ငါနာကျင်ခဲ့ပေမယ့် ငါ့ရင်ခွင်မှာမင်းရှိနေသေးတယ်ဆိုတာ မင်းမသိပါစေနဲ့
သာယာပါစေချစ်သူ....နာကျင်မှုတွေကင်းဝေးပြီး ထာဝစဉ်ပျော်ရွှင်ပါစေ...
ကြည်ကြည်ဖြူဖြူ ကိုယ်ဆုတောင်းနေတယ်......မင်းအတွက်.....
ချစ်တိုင်းမညား ညားတိုင်းမချစ်
ကြုံရဆုံရ ဒီဘ၀မှာ
မျှော်လင့်ကြီးမား ဆုံးရှုံးအားက
ပိုသာလွန်းလှ ခံစားခဲ့ရ
နေ့ညများစွာ မေ့မရပါ
မတောက်မပ ငါ့ဘ၀ကြောင့်
လမ်းခွဲသွားသူ ကို့ချစ်သူကို
အပြစ်မဆို ငါငိုနေလည်း
လှည့်မကြည့်ပါနဲ့ မေ့ထားခဲ့ပါ
ဒီဝေဒနာ ကိုယ်ကျေနပ်စွာ
ခံယူပါ့မယ် ချစ်ရသူရယ်
မြင့်အောင်ပျံသန်း လျှောက်ရာလမ်းတွေ
ဖြောင့်တန်းပါစေ ဆုတောင်းနေမယ်......
သံယောစဉ်နဲ့ အတွယ်အတာ
ဘယ်အရာနဲ့ ဖယ်ခွာလို့ရ
ကိုယ်လည်းမသိ ၀ဋ်ရှိလေသမျှ
ချစ်မိနေရအုံးမှာပါလား.........
မတောက်ပပေမယ့် လမိုက်ညတွေလို ငါ့ရဲ့ဘ၀က အမှောင်မကျခဲ့ပါဘူး.....
မင်းလိုချင်တဲ့ မာဂျူရီမီးတွေလို မလင်းသေးပေမယ့် မင်းလျှောက်ရာလမ်းတွေမှာ
ခလုတ်မထိဖို့အတွက် မီးအိမ်ငယ်လေးလို လမ်းပြပေးနိုင်ပါတယ်... ကြင်နာခြင်းတွေနဲ့အတူ ငါနာကျင်ခဲ့ပေမယ့် ငါ့ရင်ခွင်မှာမင်းရှိနေသေးတယ်ဆိုတာ မင်းမသိပါစေနဲ့
သာယာပါစေချစ်သူ....နာကျင်မှုတွေကင်းဝေးပြီး ထာဝစဉ်ပျော်ရွှင်ပါစေ...
ကြည်ကြည်ဖြူဖြူ ကိုယ်ဆုတောင်းနေတယ်......မင်းအတွက်.....
Monday, 3 October 2011
... ခရီး ....
သတိရတိုင်းတွေ့ချင်တယ်...
တွေ့ချင်တဲ့ စိတ်တွေနဲ့
တမ်းတခြင်း မင်းအရိပ်တွေကို
ပုံဖော်စိတ်ကူး
အတူရှိခဲ့ဖူးတဲ့
အချိန်တွေကို ပြန်ရချင်တယ်........
...... အချိုအခါးတွေနဲ့
ဘ၀တံတားကိုဖြတ်သန်းရင်း
အလှတရားကိုရှာဖွေမိတယ်........
..... မညီညာ ကြမ်းတမ်း
အကြင်နာလမ်းမဟုတ်တော့
အကောင်းအဆိုးတွေက
အကြောင်းအကျိုးတွေပေါ့........
...အချိုးအကွေ့တွေကြားမှာ
မြိုသိမ့်ထားတာတွေများစွာနဲ့
အားအင်တွေမဲ့နေခဲ့ပြီး.....
......... ဒီခရီး...........
တွေ့ချင်တဲ့ စိတ်တွေနဲ့
တမ်းတခြင်း မင်းအရိပ်တွေကို
ပုံဖော်စိတ်ကူး
အတူရှိခဲ့ဖူးတဲ့
အချိန်တွေကို ပြန်ရချင်တယ်........
...... အချိုအခါးတွေနဲ့
ဘ၀တံတားကိုဖြတ်သန်းရင်း
အလှတရားကိုရှာဖွေမိတယ်........
..... မညီညာ ကြမ်းတမ်း
အကြင်နာလမ်းမဟုတ်တော့
အကောင်းအဆိုးတွေက
အကြောင်းအကျိုးတွေပေါ့........
...အချိုးအကွေ့တွေကြားမှာ
မြိုသိမ့်ထားတာတွေများစွာနဲ့
အားအင်တွေမဲ့နေခဲ့ပြီး.....
Saturday, 1 October 2011
@@ ဘ၀ ဒဿန @@
ရင်တွင်းချစ်ထက် ဘ၀အတွက်
ကြိုးစားရုန်းကန် ကြံဖန်လှုပ်ရှား
ကံတရားက ဥာဏ်များမရ
လျှောက်ရာလမ်းတွေ ကြမ်းတမ်းနေခဲ့
မသာယာ၍ အဖော်ကွာဝေး
ကျွန်တော်ရေးတဲ့ ဘ၀လေးက
သက်ပုံတွေမှား ဖျက်ရာများခဲ့
မလှမပ ကျွန်တော့်ဘဝ
ဘယ်သူပြင်ကာ ဖတ်ချင်မှာလဲ
ကို့ယို့ကားယား ၀ို့တို့ဝါးတာ
ရေးတာမထင် ထင်တာဒုက္ခ
ပြင်ရတဖန် လက်ကမမှန်
ပြန်ကာသာရေး ဒီစာလေးက
ဘ၀အက္ခရာ........
သြော်....ကိုယ့်လိုပါပဲ ပြင်ဆဲရေးဆဲ
လူသားတွေလည်း ရှိနေဆဲမို့
အားမငယ်တမ်း ကြိုးပန်းကာရေး
မပြီးဆုံးသေး ဒီစာပိုဒ်လေး
စိတ်မှာဆုံးဖြတ် အပြုံးမပျက်
ဆုံးတစ်သက်တာ ငါရေးနေမှာ
ဘ၀စာမျက်နှာ..........
ကြိုးစားရုန်းကန် ကြံဖန်လှုပ်ရှား
ကံတရားက ဥာဏ်များမရ
လျှောက်ရာလမ်းတွေ ကြမ်းတမ်းနေခဲ့
မသာယာ၍ အဖော်ကွာဝေး
ကျွန်တော်ရေးတဲ့ ဘ၀လေးက
သက်ပုံတွေမှား ဖျက်ရာများခဲ့
မလှမပ ကျွန်တော့်ဘဝ
ဘယ်သူပြင်ကာ ဖတ်ချင်မှာလဲ
ကို့ယို့ကားယား ၀ို့တို့ဝါးတာ
ရေးတာမထင် ထင်တာဒုက္ခ
ပြင်ရတဖန် လက်ကမမှန်
ပြန်ကာသာရေး ဒီစာလေးက
ဘ၀အက္ခရာ........
သြော်....ကိုယ့်လိုပါပဲ ပြင်ဆဲရေးဆဲ
လူသားတွေလည်း ရှိနေဆဲမို့
အားမငယ်တမ်း ကြိုးပန်းကာရေး
မပြီးဆုံးသေး ဒီစာပိုဒ်လေး
စိတ်မှာဆုံးဖြတ် အပြုံးမပျက်
ဆုံးတစ်သက်တာ ငါရေးနေမှာ
ဘ၀စာမျက်နှာ..........
Subscribe to:
Posts (Atom)







